😃#ခေါင်းထဲကိုအမှိုက်တွေမထည့်နဲ့"
တစ်ခါတုန်းက အင်္ဂလန်နိုင်ငံမှာ ဆင်းရဲတဲ့လူငယ်တစ်ယောက်ရှိတယ်။ ဆင်းရဲတော့ ကျောင်းမနေနိုင်ဘူး။
ငယ်ငယ်ရွယ်ရွယ်နဲ့အလုပ်လုပ်ရတယ်။ သူ့အလုပ်ကတစ်ဘီးတပ်တွန်းလှည်းလေးနဲ့အော်ဒါမှာတဲ့ ပစ္စည်းတွေကို တစ်အိမ်ချင်းလိုက်ပို့ရတဲ့အလုပ်ဖြစ်တယ်။ 
တစ်ပတ်ကုန်မှ (၆)ပဲနိပဲ ရတယ်။ ရတဲ့လခနဲ့အိမ်ခန်းမငှားနိုင်ဘူး။
အလုပ်ရုံရဲ့အထပ်ခိုးမှာ နေရတယ်။ ရတဲ့လခကလည်း စားရရုံပဲရပါတယ်။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘဝပါ။
တစ်နေ့တော့သူဟာ ခေါင်းလက္ခဏာဆရာတစ်ယောက်နဲ့တွေ့တယ်။ 
ခေါင်းလက္ခဏာဆိုတာက ခေါင်းရဲ့ထူးခြားမှုကိုကြည့်ပြီးဟောတဲ့ ဆရာပါ။ မြန်မာနိုင်ငံမှာဆိုရင် လက္ခဏာဆရာ၊ဗေဒင်ဆရာတွေမျိုးပေါ့။
အဲဒီလူငယ်လေးက ခေါင်းလက္ခဏာကို မေးကြည့်ချင်တယ်။ "စျေးနှုန်းကို မေးကြည့်တော့ ၆-ပဲနိပေးရမယ်"တဲ့။သူရတဲ့တစ်ပတ်စာလောက်ဆိုတော့ များတယ်။ သူမတတ်နိုင်ဘူး။
ခေါင်းလက္ခဏာကြည့်ပြီး တစ်ပတ်လုံး ရေသောက်ဗိုက်မှောက်နေရမယ့် ကိန်းဖြစ်နေတယ်။ 
သူပြန်စဉ်းစားတယ်။တစ်သက်လုံး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတာက တစ်ပတ်စာစားစရာမရှိတာထက် ပိုဆိုးတယ်။
ဘာပဲဖြစ်ဖြစ် ခေါင်းလက္ခဏာကိုမေးမယ်ဆိုပြီး မေးတယ်။ ခေါင်းလက္ခဏာဆရာက သူ့ခေါင်းကို သေသေချာချာကြည့်ပြီးဟောတယ်။
“ခေါင်းကတော့ အဖိုးတန်ခေါင်းမျိုးဖြစ်တယ်။ အင်္ဂလန်နိုင်ငံရဲ့ပညာရှိ မက်ကောလင်းလို ခေါင်းမျိုးဖြစ်တယ်။ အဲဒီလိုခေါင်းထဲကို အမှိုက်တွေမထည့်နဲ့"
”အမှိုက်တွေမထည့်နဲ့ဆိုတာက ဘာလဲ”ပေါ့။
သူကပြန်မေးတယ်။
“အေး အမှိုက်တွေဖြစ်တဲ့အပေါစား စာပေတွေကို မဖတ်နဲ့၊အားတဲ့အချိန်မှာစာကြည့်တိုက်ကိုသွားပါ၊မက်ကောလင်းရေးတဲ့ စာအုပ်လိုမျိုးကို ဖတ်ပါ” လို့ပြောလိုက်တယ်။ 
ခေါင်းလက္ခဏာပြောတဲ့အတိုင်း စာကြည့်တိုက်ကိုသွားတယ်။ မက်ကောလင်းရေးတဲ့ စာအုပ်တစ်အုပ်ကို ငှားတယ်။ 
ဖတ်ကြည့်တယ်။ အတွေးအမြင်တွေပါတဲ့စာအုပ်ဖြစ်တော့ စစချင်းဖတ်တော့ နားမလည်ဘူး။ 
အဲဒီစာအုပ်ကိုပြန်အပ်တော့ စာကြည့်တိုက်မှူးက မေးတယ်။  
“နားလည်သလား”ပေါ့။ နားမလည်ကြောင်းပြောပြတော့ စာကြည့်တိုက်မှူးက ဖတ်ပြီးနားလည်နိုင်တဲ့ သမိုင်းစာအုပ်တွေကို ရွေးပေးလိုက်တယ်။
အဲဒီစာအုပ်ကိုဖတ်ကြည့်တော့ အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ လောကသစ်တစ်ခုထဲ ရောက်သွားသလို ခံစားရတယ်။ 
အော်...စာအုပ်ကောင်းတွေဖတ်ရတဲ့အခါ အစားကောင်းတွေစားရတာထက် အရသာရှိပါလားဆိုတာကို သိလာခဲ့တယ်။
ဒီလိုနဲ့အားလပ်တဲ့အချိန်တိုင်းမှာ စာကြည့်တိုက်ကိုသွားပြီး စာဖတ်ဖြစ်လာတယ်။ စာဖတ်ဝါသနာ ပါလာတယ်။
နောက်အားလပ်ချိန်ကိုရှာပြီး စာကြည့်တိုက်ကိုသွားပြီး စာဖတ်ဖြစ်လာတယ်။ နောက်တော့ ဖတ်ရမယ့်စာအုပ်ကိုလည်း ရှာတတ်လာတယ်။ ရွေးချယ်တတ်လာတယ်။
သူဟာအသက်(၂၆)နှစ်မှာပဲသူ့ရဲ့အလုပ်သမားအဖွဲ့မှာ ခေါင်းဆောင်ဖြစ်လာတယ်။
နောက်ဆုံးမှာသူဟာ အတော်ဆုံး ဗြိတိသျှဘဏ္ဍာရေးဝန်ကြီး ဖြစ်လာခဲ့တယ်။
သူပြောတဲ့စကားကတော့...
“#စာဖတ်ဝါသနာကိုပြုစုပျိုးထောင်ပါ။ #စာအုပ်ဟာလှေကားနဲ့တူတယ်။
#စာဖတ်တာဟာအဲဒီလှေကားပေါ်တစ်ဆင့်ချင်းတက်သွားတာနဲ့တူပါတယ်။
#ဘဝအဆင့်အတန်းမြင့်ချင်ရင်စာဖတ်ပါ။
#စာဖတ်ရင်းနဲ့စာကောင်းတွေကိုရွေးချယ်တတ်လာပါလိမ့်မယ်။
#သူသာစာမဖတ်ခဲ့ရင်ဘဏ္ဍာရေးဝန်ကြီးမဖြစ်နိုင်ပါဘူး။ 
#လုပ်နေကျအလုပ်မှာပဲအချိန်ကုန်သွားဖို့ရှိပါတယ်လို့ပြောခဲ့ပါတယ်။
#Credit