နားလည်စေချင်လို့ပါ
•••••••••••••••••••••
ခွင့်လွှတ်တယ် ဆိုတိုင်းလည်း
ခဏခဏ အနိုင်မယူပါနဲ့။
တစ်ခါတစ်လေ ခွင့်လွှတ်တတ်တဲ့ နှလုံးသား တစ်စုံမှာ နာကျည်းမှုတွေ ရှိနေတတ်လို့ပါ။
ငြိမ်နေတယ် ဆိုတိုင်းလည်း
ကိုယ့်ဘက်ကကြည့် မှန်တယ်မထင်ပါနဲ့။
တစ်ခါတစ်လေ ဖွင့်ဟခွင့်မရတဲ့အခါ
တိတ်ဆိတ်နေရတာ အကောင်းဆုံးထင်လို့ပါ။
အရှုံးပေးတယ်ဆိုတိုင်းလည်း
အနိုင်ရတယ် မထင်ပါနဲ့။
တစ်ခါတစ်လေ အနိုင်ရပါလျက်နဲ့ အရှုံးပေးတာ ဟာ ခွင့်လွှတ်ခြင်းရဲ့တန်ဖိုးကို နားလည်စေချင် လို့ပါ။ ။
အရှင်စန္ဒာဝရ(တောင်တွင်း)
0 Comments